Local News

မကွေးတိုင်းဒေသကြီးအတွင်း မြေပဲဆံစျေးများ မြင့်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း မြေပဲဆံစျေးများ မြင့်တက်လာ

 

          မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် သီးနှံမျိုးစုံအရောင်းအဝယ်ဖြစ်နေပြီး ယခုရက်ပိုင်းတွင် မြေပဲဆံစျေးများ ဆက်တိုက်စျေးမြင့်လာတာကို တွေ့ရပါတယ်။ ဆီစျေးနှုန်းမြင့် တက်လာနဲ့အမျှ မြေပဲဆံစျေးများပါ မြင့်တက်လာတာကို တွေ့ရပါတယ်။ မြေပဲဆံအသစ်များ ဝင်ရောက်မှုနည်းသွားသလို လက်ကျန်လည်း နည်းနေတဲ့ အချိန်ဖြစ်ကာ တရုတ်မှအဝယ်များရှိသလို ပြည်တွင်းဆီစက်များမှလည်း ဝယ်ယူမှုများနေတာကြောင့် မြေပဲဆံစျေးများ တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

          ယခင်တစ်ပတ်တွင် မြေပဲဆံစျေးမှာ လုံးဆံနီ(၁)ပိဿာလျှင် (၄၁ဝဝ)ကျပ်စျေးသာ ရှိခဲ့ပေမယ့် ယခုတစ်ပတ်တွင် (၄၃ဝဝ)ကျပ်စျေးအထိရခဲ့ပြီး ယခင်တစ်ပတ် လုံးဆံဖြူ(၁)ပိဿာလျှင် (၄၃ဝဝ)ကျပ်စျေးသာရရှိခဲ့ပေမယ့် ယခုတစ်ပတ် တွင်(၄၄ဝဝ)ကျပ်စျေးအထိ အမြင့်စျေးနဲ့အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။

Category: Local News